လက်ရှိလုပ်ဆောင်ဆဲရှိသော ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများသည် မြန်မာနိုင်ငံ၏ ရေရှည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသာမက နိုင်ငံသားများ၏ဘဝနေထိုင်အသက်ရှင်ရေးအတွက်ပါ အရေးပါသော စီမံကိန်းများ ဖြစ်ကြပါသည်။ စီမံကိန်းများတွင် တနည်းနည်းဖြင့် ပါဝင်လုပ်ကိုင်သူများသည် ယခုကဲ့သို့ ဆုံးဖြတ်ချက်အပေါ် နားလည်ရန်ခက်နေမည်ကိုလည်း ခန့်မှန်းမိပါသည်။ ကြီးမားသော မျှော်မှန်းချက်များဖြင့် စီမံကိန်းများအား အကောင်အထည်ဖော်ခဲ့သဖြင့် ရပ်ရွာလူထုဘဝများလည်း တိုးတက်လာစေခဲ့ပါသည်။
မည်သို့ပင်ဆိုစေကာမူ ဂျာမနီနိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်သည် FES Myanmar ၏ ပူးပေါင်းလုပ်ဆောင်မှုလုပ်ငန်းများအား တစုံတရာ သက်ရောက်မှုမရှိဘဲ ယခင်ကဲ့သို့ မိတ်ဖက်များနှင့် နိုင်ငံတွင်းပူးပေါင်းဆောင်ရွက်မှု များကို ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်သည်။ ယခင်နှစ်များကတည်းက တည်ဆောက်လာနိုင်ခဲ့သည့် ယုံကြည်မှု၊ မိတ်ဖက် ဆက်ဆံရေးများဖြင့် မြန်မာနိုင်ငံရှိ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ တည်ဆောက်ရေး၊ ဖက်ဒရယ်စနစ်၊ ငြိမ်းချမ်းရေးနှင့် လူမှုတရား မျှတရေးတို့အတွက် ဆက်လက်လက်တွဲ လုပ်ဆောင်သွားမည် ဖြစ်ပါသည်။
FES မြန်မာရုံးအဖွဲ့
No. 62 c, Inya Road, Kamayut Township
Yangon, Myanmar